အမှန်အတိုင်း ပြောရရင် … ကျွန်မတို့ တော်တော်များများက ကိုယ့်ရဲ့အတွင်းထဲမှာ ရှိနေတဲ့ ဘယ်သူ့ကိုမှ ဖွင့်မပြောဖြစ်တဲ့ ခံစားချက်တွေကို သယ်ဆောင်ပြီး နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတယ်။ အပြင်ပန်းမှာတော့ ပြုံးပြုံးလေးနဲ့ "အဆင်ပြေပါတယ်" လို့ ပြောနေပေမဲ့ စိတ်ထဲမှာတော့ တစ်ခုခုက stuck ဖြစ်နေသလို ခံစားနေရတယ်။
ဘယ်လောက်ပဲ သင်တန်းတွေ တက်တက်၊ ဘယ်နှစ်ခါပဲ အစကနေ ပြန်စဖို့ ကြိုးစားကြိုးစား … နောက်ဆုံးမှာတော့ ကျွန်မတို့က အရင်နေရာဟောင်းကိုပဲ ပြန်ရောက် ရောက်သွားတတ်တယ်။
ခံစားချက်တွေလည်း အရင်အတိုင်း၊ တုံ့ပြန်မှုတွေလည်း ပြောင်းလဲမသွားဘဲ၊ တူညီတဲ့ နောင်တတွေ နဲ့ပဲ သံသရာ လည်နေကြတယ်။
အချိန်တွေကြာလာပေမဲ့ ကျွန်မတို့ ဘာလို့ ဒီလို သံသရာလည်နေသေးတာလဲ ဆိုတာကို သေချာမသိကြဘူး။ ဒါက ကျွန်မ ဒီ online retreat မှာ အသေးစိတ် ပြောပြပေးသွားမယ့် အရာပါ။
ဒီ retreat က သင့်ကို fix လုပ်ပေးဖို့ မဟုတ်ပါဘူး။ သင့်ရဲ့ ခံစားချက်တွေကို journaling လုပ်ခိုင်းသွားမှာလည်း မဟုတ်သလို ရက်ပိုင်းအတွင်း ခဏလေးနဲ့ မေ့သွားမယ့် နည်းလမ်းအသစ်တစ်ခုကို သင်ပေးသွားမှာမျိုးလည်း မဟုတ်ဘူး။ အဲ့ဒီအစား သင့်ဘဝမှာ အခုထက်ထိ လည်ပတ်နေတဲ့ သင့်အတွက် အကျိုးမရှိတဲ့ pattern တွေကို မြင်နိုင်အောင် ကူညီပေးသွားမှာပါ။
ကိုယ့်အတွက် ဘယ်တော့မှ show up မလုပ်တဲ့သူတွေကို ထပ်တလဲလဲ ရွေးချယ်နေတဲ့ pattern တွေ … အခက်အခဲတွေ ကြုံလာတိုင်း ကိုယ့်ကိုယ်ကိုယ် shut down လုပ်နေတဲ့ pattern တွေ …တခြားသူတွေဆီက ဝေဖန်ခံရမှာကို ကြောက်ပြီး ကိုယ့်ကိုယ်ကိုယ် သေးသေးကျုံ့ကျုံ့လေးနေနေမိတဲ့ pattern တွေ …
ဒီ retreat က အဲ့ဒီ pattern တွေကို အရှိကိုအရှိအတိုင်း မြင်ပြီး … break လုပ်နိုင်ဖို့ပါ။ Mentally အရတင် မဟုတ်ဘဲ … Energetically အရပါ break လုပ်နိုင်ဖို့ပါ။
ဘာလို့လဲဆိုတော့ ဒီ pattern တွေက ကျွန်မတို့ရဲ့ အတွေးတွေထဲမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ ကျွန်မတို့ ပတ်ဝန်းကျင်က energetic field ထဲမှာလည်း ရှိနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆက်ဆံတဲ့ ပုံစံတွေ၊ ကိုယ် ချတဲ့ decision တွေ၊ ကိုယ် hold လုပ်ထားတဲ့ energy တွေထဲမှာလည်း ရှိနေပါတယ်။
အပေါ်ယံ surface-level lesson တွေ မဟုတ်ဘဲ ကိုယ့်ရဲ့ အတွင်းထဲက pattern တွေကို သေချာမြင်နိုင်မယ့် powerful session တွေကို ကျွန်မနဲ့အတူ ပထမလေးပတ်မှာ လေ့လာသွားပါမယ်။
ပိုပြီး နက်နက်ရှိုင်းရှိုင်း integrate လုပ်နိုင်ဖို့၊ reflect လုပ်နိုင်ဖို့ Q&A call တွေကိုလည်း နောက်ဆုံးနှစ်ပတ်မှာ လုပ်ပေးသွားပါမယ်။
Session တွေ join လုပ်ရုံတင်မဟုတ်ဘဲ သင့်ကို အမှန်တကယ် ပြောင်းလဲသွားစေမယ့် weekly practice တွေနဲ့ ritual တွေကိုလည်း ပြောပြပေးသွားပါမယ်။
ကျွန်မတို့ရဲ့ energy field ကို အတူတူ hold လုပ်ထားနိုင်မယ့် private group ကိုလည်း join လုပ်နိုင်မယ့်အပြင်
ကိုယ့်ရဲ့ အခုလက်ရှိရောက်နေတဲ့ chapter ကို အပြီးသတ်ပြီး နောက်ထပ် chapter အသစ်ဆီကို ခြေလှမ်းစလှမ်းနိုင်အောင်လည်း ကူညီပေးသွားမှာပါ။
တစ်နေရာတည်းမှာပဲ တဝဲလည်လည်ဖြစ်နေတယ်၊ ပြီးတော့ ဒါကို သတိထားမိနေတယ်ဆိုရင်
ကိုယ့်ကို တခြားသူတစ်ယောက်ယောက်က လာကယ်ဖို့ စောင့်နေတာကို ရပ်လိုက်ဖို့ ဆုံးဖြတ်ထားပြီးပြီဆိုရင်
ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ ဒါမှမဟုတ် တခြားသူတွေဆီကနေရတဲ့ emotion တွေကို သယ်ထားရတာ ပင်ပန်းလာတယ် … ဒါတွေကို လွှတ်ချချင်တယ် ဆိုရင်
ပြဿနာတွေကို "ရင်ဆိုင်ဖြေရှင်း" နေရုံသက်သက်မဟုတ်ဘဲ clear ဖြစ်ဖြစ်၊ grounded ဖြစ်ဖြစ်၊ powerful ဖြစ်ဖြစ်နဲ့ ရှေ့ဆက်ချင်တယ်ဆိုရင်
ဒီ Online retreat က သင့်အတွက်ပါပဲ။
နိုင်ငံပေါင်း ၁၁၂ နိုင်ငံကျော်က၊ ကျောင်းသားပေါင်း ၄၀,၀၀၀ ေကျာ်ကို လမ်းပြပေးနိုင်ခဲ့တဲ့အပြင် လူပေါင်း ၈၀၀ ,၀၀၀ ကျော် အခိုင်အမာရှိတဲ့ community တစ်ခုကိုလည်း ရှိပါတယ်။
ဒါ့အပြင် ကျွန်မရဲ့ community ထဲက ကျောင်းသားတွေနဲ့ အတူတူ ဝင်ငွေပေါင်း ဒေါ်လာ သန်း ၃၀ကျော်ကို ဖန်တီးပုံဖော်နိုင်ခဲ့ ပြီးပါပြီ။
အခု သင့်ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေကို ရှာတွေ့နိုင်ပြီး တိုးတက် အောင်မြင်မှုတွေ ရရှိနိုင်ဖို့ ကျွန်မ ကူညီပေးချင်ပါတယ်။
ဒါက emotional healing သက်သက်ပဲ မဟုတ်ပါဘူး။ သင့်ရဲ့ energy ကို ပြန်ပြီး reclaim လုပ်ဖို့ပါ။ ကိုယ့်ရဲ့ ပုခုံးပေါ်မှာ ထမ်းထားရတဲ့ တခြားသူတွေရဲ့ expectation တွေကို လွှတ်ချပြီး ကိုယ့်ရဲ့ frequency ထဲကို ခြေလှမ်းစလှမ်းနိုင်ဖို့ပါ။
တကယ်လို့ ဒါကို ဖတ်နေရင်း ကိုယ့်စိတ်ထဲမှာ တစ်ခုခုက pull လုပ်နေတယ်လို့ ခံစားရရင် trust it.သင်က အရင်ဇာတ်လမ်းဟောင်းကိုပဲ ထပ်ခါထပ်ခါ ပြောနေဖို့ ဒီနေရာကို ရောက်လာတာ မဟုတ်ပါဘူး။
The Shadow Work System begins soon. I’ll meet you inside.
© Arabelle Yee Int'l | Terms & Conditions | Privacy Policy