
Welcome to Arabelle Application Guide
Application ကို အသုံးမပြုခင်မှာ ဒီ guideline ကို အရင်ဖတ်ပေးပါ။
Arabelle Yee App ကို အသုံးပြုဖို့ဆိုရင် ကျွန်မတို့ Arabelle Yee Int’l student portal မှာ account registration လုပ်ထားဖို့ လိုအပ်ပါတယ်။
ကိုယ်က AYI Student Portal မှာ account set up လုပ်ပြီးသား ကျောင်းသားဟောင်းဆိုရင် Application Navigation မှာ ပါတဲ့အဆင့်တွေအတိုင်း လုပ်ရင် program တွေ (ဒါမှမဟုတ်) group container တွေကိုတန်းပြီး access လုပ်နိုင်မှာပါ။
Program တွေကို အခုမှ စ join တဲ့ ကျောင်းသားအသစ် (ဒါမှမဟုတ်) အခုမှ စပြီး AYI Student Portal ကို join လုပ်တာဆိုရင် application ကို အသုံးမပြုခင်မှာ အရင်ဆုံး New Student Account Setup ကို အရင်လုပ်ဖို့ လိုအပ်ပါတယ်။
(ကိုယ်က program တွေကို အရင်က join လုပ်ခဲ့ပေမယ့် AYI Student Portal မှာ account set up မလုပ်ရသေးဘူးဆိုရင် အောက်က အဆင့်တွေအတိုင်း အရင်ဆုံး set up လုပ်ရပါမယ်)
အသေးစိတ်ကို အောက်မှာ ဆက်ကြည့်ပေးပါ။

New Student Account Setup
မိမိက အခုမှ စပြီး ကျွန်မတို့ AYI program တွေကို enrol လုပ်တဲ့သူ (ဒါမှမဟုတ်) AYI Community ကို join လုပ်မယ်ဆိုရင် အရင်ဆုံး account setup လုပ်ပြီးမှ application ကို အသုံးပြုပြီး program တွေနဲ့ မိမိ join လုပ်ထားတဲ့ community ကို access လုပ်နိုင်မှာ ဖြစ်ပါတယ်။
STEP 1

Account setup လုပ်ဖို့ learn.arabelleyee.com ကို သွားပါ။
ကိုယ်က အခုမှ စပြီး join လုပ်မှာဆိုရင် Sign Up ကို နှိပ်ပေးပါ။
STEP 2

Sign Up လုပ်တဲ့ နေရာမှာ ၂ မျိုး ရှိပါတယ်။
Continue with Google အသုံးပြုပြီး မိမိ gmail နဲ့ login ဝင်လို့ရသလို
မိမိကိုယ်တိုင် Full Name, Email, Password (Student Portal အတွက် မိမိထားချင်တဲ့ password) တို့ကို သေချာမှန်အောင် ဖြည့်ပြီး Sign Up လုပ်လို့လည်း ရပါတယ်။
Email ကို ထည့်တဲ့နေရာမှာ မမှားအောင် ဂရုစိုက်ပေးပါ။
STEP 3

Sign Up လုပ်ပြီးရင် ကိုယ် register လုပ်ထားတဲ့ email ဆီကို verification အတွက် OTP ပို့ပေးတတ်ပါတယ်။ Email မှာ ပါတဲ့ OTP နံပါတ်ကို ဖြည့်ပြီး verify လုပ်ပေးပါ။
ပြီးသွားရင်တော့ AYI Student Portal ထဲကို ရောက်သွားတာ မြင်ရပါလိမ့်မယ်။
ဒီ step အထိ လုပ်ပြီးသွားပြီဆိုရင် Application အသုံးပြုဖို့အတွက် Account Registration လုပ်တာ အောင်မြင်သွားပြီ ဖြစ်ပါတယ်။
အပေါ်က account setup လုပ်တာ အောင်မြင်သွားပြီဆိုရင်တော့ application ကို download လုပ်ပြီးရင် စတင် အသုံးပြုလို့ရပါပြီ။
App download လုပ်ပြီးပြီဆိုရင် Arabelle Yee Application ကို ဖွင့်ပါ။

Sign In ကို နှိပ်ပါ။

Email မှာ program တွေ enroll လုပ်ထားတဲ့ email (ဒါမှမဟုတ်) student portal account အတွက် သုံးထားတဲ့ email ကိုထည့်ပါ။ မိမိ set up ထားတဲ့ password ကို Password နေရာမှာထည့်ပါ။

Account Setup
Arabelle Yee application ကို Log In ဝင်ပြီးသွားရင် မိမိ account ကို အရင် setup လုပ်ပေးဖို့ လိုပါတယ်။

App ရဲ့ ညာဘက်အောက် ထောင့်က more ကို နှိပ်ပေးပါ။

ပြီးရင် Setting ကို သွားပေးပါ။


ပြီးရင် profile ကို သွားပါ။ Edit profile ကို နှိပ်ပေးပါ။
Profile picture လေး ထည့်ပေးပါ။ Save လုပ်ပါ။
ဒါဆိုရင် account setup လုပ်တဲ့ process အောင်မြင်သွားပါပြီ။

Join AYI Community

Community အတွက် ဖန်တီးပေးထားတဲ့ AYI Community group ကို join လုပ်ဖို့ ဒီ နေရာ ကို နှိပ်ပါ။
ဒါဆိုရင် group ကို မြင်ရပြီ ဖြစ်ပါတယ်။
တစ်ခါတလေ group request တွေကို လက်ခံဖို့ အချိန်ခဏလောက်တော့ စောင့်ပေးရတတ်ပါတယ်။

How to access programs inside Communities
AYI Community ထဲမှာ ရှိတဲ့ program တွေကို အောက်မှာ ပါတဲ့ အဆင့်တွေအတိုင်း access လုပ်နိုင်ပါတယ်။



AYI Community ထဲမှာ ရှိတဲ့ program တွေကို access လုပ်ဖို့အတွက် Learning ကို နှိပ်ပါ။
Learning ထဲရောက်ရင် program တွေကို မြင်ရမှာဖြစ်ပြီး မိမိ access လုပ်ချင်တဲ့ program ကို ရွေးပြီး Open ကို နှိပ်ပါ။
Open ကို နှိပ်ပြီးရင် program ထဲဝင်သွားတဲ့အခါ Start Learning ကို နှိပ်ပြီး access လုပ်နိုင်ပါပြီ။
ဒါဆိုရင်တော့ ကျွန်မတို့ AYI Student Portal ကို application ကနေတဆင့် ဘယ်လိုအသုံးပြုလို့ ရတယ် ဆိုတာကို သဘောပေါက်နားလည်မယ်လို့ မျှော်လင့်ပါတယ်။

Application Navigation
Arabelle Yee Application မှာ Sign In ဝင်ပြီးရင် မိမိ enroll လုပ်ထားတဲ့ program တွေ (ဒါမှမဟုတ်) join လုပ်ထားတဲ့ Group Container တွေ (Eg: In My World, AYI Community) ကို access လုပ်ဖို့ Home ကိုနှိပ်ပါ။
Community နဲ့ Courses နှစ်ခု တွေ့ရပါလိမ့်မယ်။



Courses
Courses ဆိုတာကတော့ မိမိ enrol လုပ်ထားတဲ့ program တွေကို ဆိုလိုတာပါ။
Program တွေကို access လုပ်မယ်ဆိုရင် Course ထဲ ရောက်တာနဲ့ ကိုယ် enroll လုပ်ထားတဲ့ program တွေကို တွေ့ရမှာဖြစ်ပြီး လေ့လာချင်တဲ့ program ကို ရွေးပြီး Start Learning ကို နှိပ်ပြီး access လုပ်နိုင်ပါပြီ။



Communities
Communities ဆိုတာက မိမိ join လုပ်ထားတဲ့ group တွေကို ပြောတာပါ။
ကိုယ်က AYI Community, In My World လို Group container တွေကို join လုပ်ထားတယ်ဆိုရင် Group တွေကို access ဖို့အတွက် Community ကို နှိပ်ပါ။ Group ကို access လုပ်ဖို့အတွက် Community ကို နှိပ်ပြီးရင် မိမိ join ထားတဲ့ group ကို အရင်ဆုံးတွေ့ရမှာပါ။
ကိုယ်က Group တစ်ခုထက်မက join လုပ်ထားတယ်ဆိုရင် ဘေးဘက်မှာ ပေါ်နေတဲ့ Group ပုံတွေကို နှိပ်ပြီး Group တွေက်ို ပြောင်းပြီး access လုပ်နိုင်ပါတယ်။


Note: ကိုယ်က In My World, AYI Community လို Group တွေကို join လုပ်ထားတယ်ဆိုရင် Group တွေထဲမှာ access ပေးထားတဲ့ program တွေကို ကြည့်ဖို့အတွက် How to access programs inside Group ထဲကအတိုင်း program တွေကို access လုပ်နိုင်မှာပါ။
ကျွန်မတို့ community အတွက် သီးသန့် create လုပ်ထားတဲ့ AYI Community ကို ဒီနေရာကနေ join လုပ်နိုင်ပါတယ်။

Accessing Student Portal from Laptop or Tablet
လောလောဆယ်မှာ Application က Mobile Phone အတွက်ပဲ အသုံးပြုလို့ရတာ ဖြစ်တဲ့အတွက် ကိုယ်က Laptop (ဒါမှမဟုတ်) Tablet မှာ Student Portal ကို access လုပ်ချင်တယ်ဆိုရင် မိမိ သုံးမယ့် device ရဲ့ browser မှာ learn.arabelleyee.com ကနေတဆင့် access လုပ်နိုင်မှာပါ။

🎉 You’re all set 🎉
We can’t wait for you to experience everything inside the Arabelle Yee App. 🤍
© Arabelle Yee Int'l | Terms & Conditions | Privacy Policy